အမ်ဖန်း အသင်းဝင်ထားတာ မိသားစုတစ်ခုထဲမှာ အပြန်အလှန် ကူညီပေးခံရသလို ခံစားမိပါတယ်။
- Annop Nipitmetawee
- May 20
- 1 min read

ဦးတင် (အမည်လွှဲ) သည် အသက် ၆၇ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရင်း နေထိုင်လာခဲ့သည်မှာ ၁၅ နှစ်ရှိပြီဖြစ်သည်။ လတ်တလောတွင် ကန်ချနာဘူရီ ပြည်နယ်၊ စိုင်ရုပ်ခရိုင်တွင် နေထိုင်ပြီး နေ့စဉ် ကျပန်းအလုပ်အမျိုးမျိုး လုပ်ကိုင်နေပါသည်။ သူသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အမ်ဖန်းအသင်းဝင်အဖြစ် စတင်ပါဝင်ခဲ့သည်။
၂၀၂၅ ခုနှစ် ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းတွင် ဦးတင် တစ်ယောက် ရင်ဘတ်အောင့်ခြင်း ဝေဒနာ ခံစားမိသည်။
“နေ့စဉ်လိုပဲ ဦး အလုပ်သွားခဲ့ပါတယ်။ အလုပ်လုပ်နေတုန်း ဦး ရင်ဘတ်အောင့်လာတယ်။ ပြီးတော့ ခေါင်းကိုက်တာ၊ အသက်ရှူရခက်တာတို့ ဖြစ်လာတယ်။ ကိုယ်အလုပ်လုပ်နေတဲ့အချိန်မှာ တစ်ဦးတည်း မဟုတ်တာ ကံကောင်းတယ်။ အလုပ်ဖော်က ဆုမ္ဒက်ဖရာပရာယာ မဟာရတ် ရုမ္မနိခက်ဆေးရုံကို ဆက်သွယ်ပေးပြီး ဆေးရုံက လူနာတင်ကား ပို့ဆောင်လာခဲ့ပါတယ်။” ဟု ဦးတင် က ပြောသည်။
ဆေးရုံတွင် ဆရာဝန်က စစ်ဆေးရာ ဦးတင်မှာ နှလုံးသွေးကြောပိတ်ခြင်း (myocardial infarction) ဖြစ်သည်ကို တွေ့ရှိပြီး အရေးပေါ်ကုသမှုအတွက် ဖာဟုန်ဖုန်းဖယုဟာစီနာ ပြည်နယ်ဆေးရုံသို့ ဦးတည်ပေးခဲ့သည်။
ဖာဟုန်ဆေးရုံ အထူးကြပ်မတ်ကုသရေးဌာနတွင် ၂ ရက်ကြာ တက်ရောက်ပြီးနောက် သာမန်ကုသရေးဌာနသို့ ပြောင်းရွှေ့ခဲ့သည်။ ဆေးရုံတွင် ဧပြီ ၈ ရက်မှ ၁၄ ရက်အထိ ၇ ရက်ကျော် တက်ရောက်ခဲ့ပြီး ဦးတင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည်။ စုစုပေါင်းကုသမှုကုန်ကျစရိတ်မှာ ၁၈,၂၃၄ ဘတ်ဖြစ်ပြီး M-FUND မှ အလုံးစုံ တာဝန်ယူပေးခဲ့သည်။
“ကျွန်တော်ရဲ့ ဝင်ငွေက နည်းပါတယ်။ ဒေသတွင်းမှာ ကျန်းမာရေးပြဿနာတက်တဲ့အခါ အမ်ဖန်းလိုအစီအစဉ်မျိုး ရှိတာက အရမ်းကောင်းပါတယ်။ ကျွန်တော်က အမ်ဖန်းမှ ကူညီခံရတာကို စိတ်ကျေနပ်မိပါတယ်။ မိသားစုလိုပဲ အပြန်အလှန် ကူညီတဲ့ခံစားချက်မျိုးရတယ်။ အမ်ဖန်းအသင်းဝင်အဖြစ် ကြာကြာနေရမယ်လို့ ရည်ရွယ်ထားပါတယ်။ မသိသေးတဲ့လူတွေကိုလည်း အမ်ဖန်းအကြောင်း မျှဝေပေးဖို့လည်း ကြိုးစားပါမယ်။ တကယ်တမ်း လူအတော်များများက အခက်အခဲတွေနဲ့ချည်းပါပဲ။ ပြီးတဲ့အခါကျ ကျန်းမာရေးဝန်ဆောင်မှုကို မရရှိနိုင်သေးကြတာတွေလည်းရှိပါတယ်။ အမ်ဖန်းကို အထူးကျေးဇူးတင်ပါတယ်။” ဟု ဦးတင်က ပြောသည်။
Komentarze