top of page

M-Fund အကြောင်း

အမ်ဖန်းကျန်းမာရေးဆေးပဒေသာပင်သည် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူများအတွက် အခကြေးငွေအနည်းငယ်ဖြင့် အမြတ်အစွန်းမရည်ရွယ်ဘဲ ကျန်းမာရေးစောင့်ရှောက်မှု ပေးသော အစီအစဉ် ဖြစ်သည်။ အကူညီလိုအပ် သောလူဦးရေများအတွက် အရည်အသွေးပြည့်မှီသော ကျန်းမာရေး၀န်ဆောင်မှုများကို လက်လှမ်းမှီနိုင်ရန် အတွက်ထူထောင်ထားသည့် အစီအစဉ်ဖြစ်သည်။ ဤ၀န်ဆောင်မှုကို ရွှေ့ပြောင်းနေထိုင်သူများနှင့် စောင့်ရှောက်မှုလုံလောက်စွာ မရရှိသောလူထုများကို ၀န်ဆောင်မှုတိုးချဲ့ပေးသွားပြီး အာရှဒေသတစ်ခုလုံးကို လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်နှင့် ကျန်းမာရေးစနစ် တိုးတက်လာစေရန် ရည်ရွယ်သည်။

အမ်ဖန်းအသင်း၀င်များသည် အနည်းဆုံး အခြေခံလစဉ်ကြေး တစ်ဦးကို တစ်လလျှင် ဘတ်၁၀၀ (၂.၈ ဒေါ်လာခန့်) ပါ၀င်ထည့်ရုံဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ အမ်ဖန်းနှင့် ချိတ်ဆက်ထားသော ဆေးရုံ၊ဆေးခန်း များတွင် အရည်အသွေးပြည့်မှီသော ကျန်းမာရေး၀န်ဆောင်မှုများ ရရှိနိုင်သည်။

55k

လက်ရှိ အချိန်ထိရွှေ့ပြောင်းနေထိုင်သူ 55,000 ကျော်သည် မိမိဆန္ဒအရအမ်ဖန်းအသင်း၀င်ခဲ့ပြီဖြစ်သည်။

61k

အမ်ဖန်းအနေဖြင့်လည်း ယခုချိန်ထိ ဆေးခန်းပြသမှု အကြိမ်ပေါင်း 61,000 ကြိမ်နှင့် ဆေးရုံတက်ကုသမှု အကြိမ်ပေါင်း 10,000 ကြိမ်ကို ကုန်ကျခံ၀န်ဆောင်မှုပေးခဲ့ပြီဖြစ်သည်။

188

ဆေးရုံနှင့် ဆေးခန်းပေါင်း 188 ခုတွင် အမ်ဖန်းအသင်း၀င်များအတွက် အရည်အသွေးမှီ ကျန်းမာရေးစောင့်ရှောက်မှုများပေးလျှက်ရှိသည်။

Our Mission

လုပ်ဆောင်မှု အဆင့်ဆင့်

How it works.png
၁။ အမ်ဖန်း ၀န်ထမ်းများမှရပ်ရွာထဲတွင်ရှိသော ရွှေ့ပြောင်းနေထိုင်သူများကို အမ်ဖန်းအကြောင်းပြောပြခြင်း။
၂။ အမ်ဖန်း၀န်ထမ်းများမှ အမ်ဖန်း application ဖြင့်အသင်း၀င်ပေးခြင်း။
၃။ QR Codeနှင့် ချိန်ဆက်ထားသော အမ်ဖန်း အသင်း၀င်ကဒ်များကို ပေးအပ်ခြင်း။
၄။ ဆေးရုံမှ active ဖြစ်သော အသင်း၀င်များကို စီစစ်၍ အမ်ဖန်း၏အခမဲ့ ကျန်းမာရေး၀န်ဆောင်မှုပေးနိုင်ခဲ့သည်။

အခြားနေရာများသို့ လည်းတိုးချဲ့ နေပါသည်။

M-FUND ပရောဂျက်ကို ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်ခရိုင်တွင် ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့ပြီး နောက်ပိုင်းတွင် ရွှေ့ပြောင်းနေထိုင်သူ အများအပြား နေထိုင်ရာ မဲဆောက်၊ မဲရမတ်နှင့် ဖပ်ပရာ ခရိုင်များကို တိုးချဲ့ခဲ့သည်။ နယ်စပ်ဖြတ်ကျော်နေထိုင်သူများအတွက် ထိရောက်သောကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် စီမံချက်ကို မြန်မာနိုင်ငံ မြဝတီမြို့နယ် (တာ့ခ်ခရိုင်) တွင် ၂၀၁၉ ခုနှစ် သြဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ M-FUND ကို 2019 ခုနှစ် စက်တင်ဘာလမှ စတင်၍ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် Sakaeo ခရိုင်နှင့် တောင်ပိုင်း Kanchanaburi ခရိုင်တွင် 2020 ခုနှစ် ဇွန်လမှစတင်၍ Tak ခရိုင်တွင် တိုးချဲ့ဆောင်ရွက်ခဲ့ပါသည်။​

M ရန်ပုံငွေ ဆက်လက်ကြီးထွား လိုအပ်နေသော ရွှေ့ပြောင်းနေထိုင်သူများထံ ဆေးဝါးကုသမှု ခံယူခွင့်ကို တိုးချဲ့ဆောင်ရွက်ခြင်း။ အစီအစဉ်အတွက် စာရင်းသွင်းရာတွင် ရွှေ့ပြောင်းနေထိုင်သူများကို ကူညီပေးရန် ကျွန်ုပ်တို့တွင် ဗီဒီယိုခေါ်ဆိုမှုစင်တာတစ်ခုရှိသည်။

 

ဖေဖော်ဝါရီ 2023 နှင့် မတ်လ 2023 M Fund Ubon Ratchathani နှင့် Trat ပြည်နယ်များသို့ ၎င်း၏ လုပ်ငန်းလည်ပတ်မှု ဧရိယာကို တိုးချဲ့ခဲ့သည်။ ပြီးရင် ပြည်သူ့ကျန်းမာရေးအေဂျင်စီတွေနဲ့ ဒေသဆိုင်ရာ ဖောင်ဒေးရှင်းတွေ၊ စီမံကိန်းကို နယ်စပ်ပြည်နယ်များအထိ တိုးချဲ့ပူးပေါင်းဆောင်ရွက်သွားရန် စိတ်ပါဝင်စားကြောင်း ဖော်ပြခဲ့သည်။ ကမ္ဘောဒီးယားနှင့် လာအို ရွှေ့ပြောင်းနေထိုင်သူများ၏ ကျန်းမာရေး လုံခြုံမှု လိုအပ်ချက်အရ၊

၀န်ဆောင်မှုပေးသော ဒေသများ

M-Fund ၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေ သောဒေသများ

- တာ့ခ်ခရိုင်
- စကဲ့အိုခရိုင်
- ကန်ချနဘူရီခရိုင်
- ချင်းရိုင်းခရိုင်

- Ubon Ratchathani ပြည်နယ်

- Trat ပြည်နယ်
- မြ၀တီမြို့နယ် (မြန်မာ)

- ပွိုင်ပက်မြို့ (ကမ္ဘောဒီယား)
ကျန်းမာရေး မိတ်ဖက်အဖွဲ့ အစည်းများ အသေးစိတ်ကြည့်ရန် ဤနေရာကိုနှိပ်ပါ။

map.png

အကျုံး၀င်သောအကျိုးခံစားခွင့်များ
နှင့် အစီအစဉ်များ

အမ်ဖန်း အသင်း၀င်များအတွက် အစီအစဉ် ၄.၀ အရအောက်ပါ အကျိုးခံစားခွင့်များနှင့် အစီအစဉ်များ ပြုလုပ်ပေးလျက်ရှိသည်။

​၅,၀၀၀ ဘတ်
(၂၅၀,၀၀၀ ကျပ်)

ပြင်ပလူနာကုသမှု

+

​​၄၅,၀၀၀ ဘတ်
(၂,၂၅၀,၀၀၀ ကျပ်)

အတွင်းလူနာ ကုသမှု

=

​​၅၀,၀၀၀ ဘတ်
(၂,၅၀၀,၀၀၀ ကျပ်)

​စုစုပေါင်း
အကျိုးခံစားခွင့်

PlanEng.png

အကျုံး၀င်သော အစီအစဉ်များ

အသင်း၀င်များအားလုံးသည် တစ်နှစ်လျှင်စုစုပေါင်းထိုင်းဘတ် ၅၀,၀၀၀ အကျိုးခံစားခွင့်ရှိသည်။

* ကိုယ်၀န်ဆောင်ပြီးသော ကိုယ်၀န်ဆောင်မိခင်များသည် အမ်ဖန်းမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် SMRU နှင့် ကျောင်းသားဆေးခန်းမှတစ်ဆင့် အသင်း၀င်နိုင်သည်။

** ကိုယ်၀န်ဒုတိယလ ၃လပတ်မှ အဖွဲ့၀င်သော ကိုယ်၀န်ဆောင်များအတွက် ကနဦးပေးသွင်းငွေ -၃၀၀ ဘတ်/ တတိယ ၃လပတ်အတွက် -၆၀၀ ဘတ်

ကိုယ်၀န်ဆောင် ၂မျိုးလုံးအတွက် မွေးကင်းစကလေးငယ်များသည် ဆေးရုံဆင်းသည့် အချိန်ထိ မိခင် ငွေပမာဏ အတွင်း အတူသုံးစွဲ ခွင့်ရှိသည်။ အစိုးရထံမှ ရွှေ့ပြောင်းလုပ်သားများအတွက် ကျန်းမာရေး အာမခံမရရှိသော ကလေးများသည် မိခင်နှင့်အတူ အမ်ဖန်းအဖွဲ့ ၀င်အဖြစ် စရင်းသွင်းရမည်။

bottom of page