အမ်ဖန်းအသင်းဝင်အဖြစ်နဲ့ ခံစားရတဲ့ နွေးထွေးမှု
- Annop Nipitmetawee
- May 20
- 1 min read

ကိုတီး (အမည်လွှဲ) သည် အသက် ၄၇ နှစ်ရှိသော မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး၊ ထိုင်းနိုင်ငံ ကန်ချနာဘူရီ ပြည်နယ်၊ ဆန်ခလာဘူရီ ခရိုင်တွင်နေထိုင်သည်။ ကိုတီး သည် အမ်ဖန်း၏အသင်းဝင်အဖြစ် ၂၀၂၀ ခုနှစ် ဇူလိုင်လမှစတင်၍ ပါဝင်ခဲ့ပါသည်။
၂၀၂၅ ခုနှစ် ဧပြီလအစောပိုင်းတွင် အနီးအနားခရိုင်တွင်နေထိုင်သော မိခင်ထံ သွားရောက်ကြည့်ရှုရန် မော်တော်ဆိုင်ကယ်ဖြင့် ကိုတီး ခရီးထွက်ခဲ့သည်။ ကံမကောင်းစွာဖြင့် လမ်းခရီးတွင် အန္တရာယ်ရှိသော လမ်းကွေ့ တစ်ခုကို အကျော် မော်တော်ဆိုင်ကယ်ကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ တိမ်းမှောက်သွားပြီး တီ၏ ဝမ်းဗိုက်အောက်ပိုင်းအတွင်း ဆိုင်ကယ်လက်ကိုင် ထိုးဝင်သွားခဲ့သည်။
ကယ်ဆယ်ရေးသမားများက ကိုတီးကို ဆန်ခလာဘူရီဆေးရုံသို့ ဦးစွာ ပို့ဆောင်ခဲ့ကြပြီး ဆရာဝန်က စစ်ဆေးသည့်အခါ ထိခိုက်ဒဏ်ရာ ကြီးမားသောကြောင့် ဆန်ခလာဘူရီဆေးရုံမှ ဖာဟုန်ဖုန်းဖယုဟာစီနာ ပြည်နယ်ဆေးရုံသို့ ဆက်လက်ကုသရေးအတွက် ပို့ဆောင်ခဲ့သည်။
ဆေးစစ်ဆေးမှုအရ ဘယ်ဖက်ကျောက်ကပ်ကွဲခြင်းနှင့် ဆီးအိမ်ဒဏ်ရာ တို့ကို တွေ့ရှိခဲ့သည်။ ကိုတီး သည် ခွဲစိတ်ကုသမှုခံယူပြီး လိုအပ်သော နောက်ဆက်တွဲ ကုသမှုများကို ဆက်လက်ခံယူခဲ့သည်။ စုစုပေါင်း ကုသစရိတ်မှာ ဘတ်၂၀,၁၀၁ ဖြစ်ပြီး၊ ၎င်း ကုန်ကျစရိတ်အားလုံးကို အမ်ဖန်းမှ အပြည့်အဝ ကုန်ကျခံပေးခဲ့ပါသည်။
လတ်တလောတွင် ကိုတီး သည် ဆန်ခလာဘူရီရှိ နေအိမ်သို့ ပြန်လာပြီး လိုအပ်သော ဆက်လက်ကုသမှုများ ခံယူနေဆဲဖြစ်သည်။
ကိုတီး က ပြောသည်။
"ကျွန်တော်တို့က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့လူတွေပါ။ အခုလို မတော်တဆမှုတစ်ခု ဖြစ်လိုက်ရင် ဘတ်သောင်းနဲ့ချီ ကုန်ကျတတ်ပါတယ်။ အဲ့လောက် ငွေမရှိရင် ဆေးရုံတက်လို့ မရပါဘူး။ အမ်ဖန်းရှိနေလို့ ကျွန်တော်တို့အတွက် အရမ်းကောင်း၊ အရမ်းအသုံးတည့်ပြီး တန်ဖိုးရှိတဲ့ အစီအစဉ်ပါ။ နွေးထွေးကြင်နာမှု တွေကိုလည်း ခံစားရပါတယ်။ အမ်ဖန်းဝန်ထမ်းအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။"
Comments