အမ်ဖန်းအကြောင်း ပိုမိုလေ့လာရန်

အမ်ဖန်းသည် ထိုင်းနိုင်ငံအတွင်းရှိ ရွေ့ပြောင်းအလုပ်သမားများအတွက် အခကြေးငွေအနည်းငယ်ဖြင့် အမြတ်အစွန်းမရည်ရွယ်ဘဲ ကျန်းမာရေးစောင့်ရှောက်မှုပေးသောအစီအစဉ် ဖြစ်သည်။ အဓိကအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိသော ရွေ့ပြောင်းလုပ်သားများအတွက် မိမိပုံမှန်ထည့်ဝင်ငွေဖြင့် အရည်အသွေးပြည့်မှီသော ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရရှိရန်ရည်ရွယ်သည်။ ယခုဆိုလျှင် အခြားအာရှနိုင်ငံများအတွင်းရှိရွှေ့ပြောင်းလူထုနှင့်ကျန်းမာရေး


စောင့်ရှောက်မှုလုံလောက်စွာမရရှိသောလူထုများကို ဝန်ဆောင်မှုတိုးချဲ့ပေးသွားပြီး အာရှဒေသတစ်ခုလုံးကိုလွှမ်းခြုံနိုင်သောကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်နှင့် ကျန်းမာရေးစနစ်တိုးတက်လာစေရန် ရည်ရွယ်သည်။ အမ်ဖန်းအသင်းဝင်များသည် အနည်းဆုံးအခြေခံလစဉ်ကြေး တစ်ဦးကို တစ်လလျှင်ဘတ်၁၀၀ (၂.၈ ဒေါ်လာခန့်) ပါဝင်ထည့်ဝင်ရုံဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ အမ်ဖန်းနှင့်ချိတ်ဆက်ထားသောဆေးရုံ၊ဆေးခန်းများတွင် အရည်အသွေးပြည့်မှီသောကျန်းမာရေးဝန်ဆောင်မှုများရရှိနိုင်သည်။

33k

လက်ရှိအချိန်ထိ ရွှေ့ပြောင်းလုပ်သားပေါင်း ၂၂,၀၀၀ ကျော် အမ်ဖန်းအသင်းဝင်ရောက်ပြီးဖြစ်သည်။

38k

အမ်ဖန်းအနေဖြင့်လည်း ယခုအချိန်ထိ ဆေးခန်းပြသမှုအကြိမ်ပေါင်း ၁၇,၆၇၂ ကြိမ်နှင့် ဆေးရုံတက်ကုသမှုအကြိမ်ပေါင်း ၃,၆၃၉ ကြိမ်ကို ကုန်ကျခံဝန်ဆောင်မှုပေးခဲ့ပြီးဖြစ်သည်။

148

လက်ရှိတွင် ဆေးရုံပေါင်း ၂၇ ရုံနှင့် အစိုးရမဟုတ်သောဆေးခန်းများတွင် အမ်ဖန်းအသင်းဝင်များအတွက် အရည်အသွေးမှီကျန်းမာရေးစောင့်ရှောက်များပေးလျက်ရှိသည်။

 

အလုပ်လုပ်ပုံအကြောင်း

How it works.png
1. အမ်ဖန်းဝန်ထမ်းများမှ ရွှေ့ပြောင်းလုပ်သားများကိုအမ်ဖန်းအကြောင်းပြောပြခြင်း
2. ရပ်ကွက်အတွင်း အမ်ဖန်း application အသုံးပြု၍ အမ်ဖန်းအသင်းဝင်ပေးခြင်း
3. QR code နှင့်ချိတ်ဆက်ထားသော အမ်ဖန်းအသင်းဝင်ကဒ်များကို ပေးအပ်ခြင်း
4. ဆေးရုံမှ active ဖြစ်သော အသင်းဝင်များကိုစီစစ်၍ အမ်ဖန်း၏အခမဲ့ကျန်းမာရေးဝန်ဆောင်မှုကိုရရှိစေခြင်း

အခြားနေရာများသို့လည်းတိုးချဲ့နေပါသည်

စတင်မိတ်ဆက်သော ၂၀၁၇ ခုနှစ်မှစ၍ အမ်ဖန်းသည် ဒေသအနှံ့အပြားရှိ ပိုမိုများပြားသော ရွှေ့ပြောင်းလုပ်သားများကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။

၂၀၁၇ခုနှစ် စက်တင်ဘာလတွင် ထိုင်း-မြန်မာနယ်စပ်ရှိ တာ့ခ်ခရိုင်၌ အမ်ဖန်းကိုစတင်မိတ်ဆက်ခဲ့ပါသည်။ ယခုအခါ တာ့ခ်ခရိုင်အတွင်းရှိ မြို့နယ်သုံးခုတွင်နေထိုင်သောရွှေ့ပြောင်းလုပ်သားအများစုကို ကူညီပေးနိုင်ခဲ့ပြီးဖြစ်သည်။

ထိုမှတဆင့် တာ့ခ်ခရိုင်ရှိရွှေ့ပြောင်းလုပ်သားများက မြန်မာပြည်တွင်းတိုးချဲ့ဝန်ဆောင်မှုပေးရန် တောင်းဆိုလာရာ သြဂုတ် ၂၀၁၉ တွင် မြန်မာဘက်ခြမ်း မြဝတီမြို့တွင် တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။

တာ့ခ်ခရိုင်အတွင်း အမ်ဖန်း၏အောင်မြင်မှုများကြောင့်လည်း ၂၀၁၉ခုနှစ်သြဂုတ်လတွင်ပင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ ဆကဲအိုခရိုင်တွင်နေထိုင်သော ရွှေ့ပြောင်းလုပ်သားများကို ကျန်းမာရေးဝန်ဆောင်မှုတိုးချဲ့ပေးခဲ့ပါသည်။

ထို့နောက် ၂၀၂၀ခုနှစ် ဇူလိုင်လတွင်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ကန်ချနာဘူရီခရိုင်အတွင်းရှိ ဆန်ကလဘူရီမြို့နယ်သို့ ဝန်ဆောင်မှုများထပ်မံတိုးချဲ့ခဲ့ပြန်ပါသည်။

ဝန်ဆောင်မှုပေးသောဒေသများ

Black and White Photo Party Facebook Pos
Black and White Photo Party Facebook Pos
Black and White Photo Party Facebook Pos
Black and White Photo Party Facebook Pos

တာ့ခ်ခရိုင်

ဆကဲအိုခရိုင်

မြဝတီခရိုင်

ဆန်ကလဘူရီခရိုင်

Dreamlopments Website Map.png

Kanchanaburi province 
Thailand

Image by freepik.com

ယခုသင်၏ထောက်ခံကူညီမှုကို လိုအပ်နေပါသည်။