top of page

ကျွန်ုပ်တို့နှင့်အတူဝန်းရံပါ

ကိုယ်တိုင်ပါဝင်၍ဝန်းရံကူညီသူတစ်ယောက်ဖြစ်ရန်

အနည်းငယ်သောလစဉ်ထည့်ဝင်ကြေးကို ပါဝင်ရန်ခက်ခဲနေသူများလည်းရှိပါသည်။ ထိုသို့သောရွှေ့ပြောင်းလုပ်သားများအတွက် အသင်းဝင်ရောက်နိုင်ရန်၊ ပုံမှန်ထည့်ဝင်နိုင်ရန်ရည်ရွယ်၍ ရန်ပုံငွေအစီအစဉ်တစ်ခုလည်း စီစဉ်ထားပါတယ်။ အမ်ဖန်းကိုဝန်းရံထောက်ပံ့သူအများအပြားမှ တစ်လလျှင် အသင်းဝင်တစ်ယောက်စီအတွက် အနည်းဆုံးဘတ် ၁၀၀ (၂.၈ ဒေါ်လာခန့်) မှစ၍ လစဉ်ထည့်ဝင်ကြသည့်အစီအစဉ်ဖြစ်ပါသည်။ သင့်အနေဖြင့်လည်း ဤအစီအစဉ်တွင်ပါဝင်ခြင်းဖြင့် ရွှေ့ပြောင်းလုပ်သားများအတွက် အရည်အသွေးပြည့်မှီသောကျန်းမာရေးစောင့်ရှောက်မှုကို ပါဝင်ကူညီပေးနိုင်သလို သူတို့၏ဘဝတိုးတက်ကောင်းမွန်စေရန် ကြီးမားသောအထောက်အပံ့ဖြစ်စေပါသည်။

ဝန်းရံသူများအနေဖြင့်လည်း လစဉ်အနည်းငယ်ပုံမှန်ထည့်ဝင်ရုံဖြင့် အသင်းဝင် တစ်ယောက် (သို့) အနည်းငယ်ခန့်ကို ပါဝင်ကူညီနိုင်ပါသည်။ ထို့အပြင် ဤအစီအစဉ်ကို စိတ်ဝင်စားနိုင်တဲ့ အခြားသူများကို ဖိတ်ခေါ်ပေးဖို့လည်းတောင်းဆိုလိုပါတယ်။ ထိုသူတို့မှတဆင့် အခြားသူများကို ထပ်ဆင့်ထပ်ဆင့်ဖိတ်ခေါ်ခြင်းအားဖြင့် အားကောင်းသောအမ်ဖန်းဝန်းရံသူများအဖွဲ့ကွန်ယက်ကိုတည်ဆောက်ပြီး အခြေခံလူတန်းစားများကို ကူညီကြရအောင်။

ဘဏ်မှတစ်ဆင့်လှူဒါန်းရန်

လွဲပြောင်းမှုအသေးစိတ်အတွက်ကျွန်ုပ်တို့ကိုဆက်သွယ်ပါ

အွန်လိုင်းမှ ပေးလှူရန်

ကျွန်ုပ်တို့၏လုံခြုံသောစနစ်ကို အသုံးပြု၍ အလှူငွေပေးလှူရန်

ငွေသားဖြင့်လှူဒါန်းရန်

ငွေသားဖြင့်အလှူငွေလှူဒါန်းရန်ကျွန်ုပ်တို့ကိုဆက်သွယ်ပါ

donate
bottom of page