M-Fund အကြောင်း
အမ်ဖန်းကျန်းမာရေးဆေးပဒေသာပင်သည် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူများအတွက် အခကြေးငွေအနည်းငယ်ဖြင့် အမြတ်အစွန်းမရည်ရွယ်ဘဲ ကျန်းမာရေးစောင့်ရှောက်မှု ပေးသော အစီအစဉ် ဖြစ်သည်။ အကူညီလိုအပ် သောလူဦးရေများအတွက် အရည်အသွေးပြည့်မှီသော ကျန်းမာရေး၀န်ဆောင်မှုများကို လက်လှမ်းမှီနိုင်ရန် အတွက်ထူထောင်ထားသည့် အစီအစဉ်ဖြစ်သည်။ ဤ၀န်ဆောင်မှုကို ရွှေ့ပြောင်းနေထိုင်သူများနှင့် စောင့်ရှောက်မှုလုံလောက်စွာ မရရှိသောလူထုများကို ၀န်ဆောင်မှုတိုးချဲ့ပေးသွားပြီး အာရှဒေသတစ်ခုလုံးကို လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်နှင့် ကျန်းမာရေးစနစ် တိုးတက်လာစေရန် ရည်ရွယ်သည်။
အမ်ဖန်းအသင်း၀င်များသည် အနည်းဆုံး အခြေခံလစဉ်ကြေး တစ်ဦးကို တစ်လလျှင် ဘတ်၁၀၀ (၂.၈ ဒေါ်လာခန့်) ပါ၀င်ထည့်ရုံဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ အမ်ဖန်းနှင့် ချိတ်ဆက်ထားသော ဆေးရုံ၊ဆေးခန်း များတွင် အရည်အသွေးပြည့်မှီသော ကျန်းမာရေး၀န်ဆောင်မှုများ ရရှိနိုင်သည်။





41k
လက်ရှိ အချိန်ထိရွှေ့ပြောင်းနေထိုင်သူ 41,930 ကျော်သည် မိမိဆန္ဒအရအမ်ဖန်းအသင်း၀င်ခဲ့ပြီဖြစ်သည်။
48k
အမ်ဖန်းအနေဖြင့်လည်း ယခုချိန်ထိ ဆေးခန်းပြသမှု အကြိမ်ပေါင်း 41,198 ကြိမ်နှင့် ဆေးရုံတက်ကုသမှု အကြိမ်ပေါင်း 7,306 ကြိမ်ကို ကုန်ကျခံ၀န်ဆောင်မှုပေးခဲ့ပြီဖြစ်သည်။
200
ဆေးရုံနှင့် ဆေးခန်းပေါင်း 200 ခုတွင် အမ်ဖန်းအသင်း၀င်များအတွက် အရည်အသွေးမှီ ကျန်းမာရေးစောင့်ရှောက်မှုများပေးလျှက်ရှိသည်။
လုပ်ဆောင်မှု အဆင့်ဆင့်

၁။ အမ်ဖန်း ၀န်ထမ်းများမှရပ်ရွာထဲတွင်ရှိသော ရွှေ့ပြောင်းနေထိုင်သူများကို အမ်ဖန်းအကြောင်းပြောပြခြင်း။
၂။ အမ်ဖန်း၀န်ထမ်းများမှ အမ်ဖန်း application ဖြင့်အသင်း၀င်ပေးခြင်း။
၃။ QR Codeနှင့် ချိန်ဆက်ထားသော အမ်ဖန်း အသင်း၀င်ကဒ်များကို ပေးအပ်ခြင်း။
၄။ ဆေးရုံမှ active ဖြစ်သော အသင်း၀င်များကို စီစစ်၍ အမ်ဖန်း၏အခမဲ့ ကျန်းမာရေး၀န်ဆောင်မှုပေးနိုင်ခဲ့သည်။


အခြားနေရာများသို့ လည်းတိုးချဲ့ နေပါသည်။
စက်တင်ဘာလ ၂၀၁၇ခုနှစ်တွင် စတင်မိတ်ဆက်ပြီး ဒေသအနှံ့ အပြားရှိ ပိုမိုများပြားပြီး အကူအညီလိုအပ်သော ရွှေ့ပြောင်းနေထိုင်သူများကို အမ်ဖန်းမှ ၀န်ဆောင်မှုပေးနိုင်ခဲ့သည်။
စက်တင်ဘာလ ၂၀၁၇ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ တာ့ခ်ခရိုင်၌ အမ်ဖန်းကို စတင်မိတ်ဆက်ခဲ့ပါသည်။ ယခုအခါတွင် တာ့ခ်ခရိုင် အတွင်းရှိ မြို့နယ်သုံးခုတွင် နေထိုင်သော ရွှေ့ပြောင်းနေထိုင်သူ အများစုကို ကူညီပေးနိုင်ခဲ့ပြီးဖြစ်သည်။
တာ့ခ်ခရိုင်ရှိ ရွှေ့ပြောင်းနေထိုင်သူများမှ ကျန်းမာရေး၀န်ဆောင်မှုများကို မြန်မာပြည်တွင်းသို့ တိုးချဲ့ရန် တောင်းဆိုခဲ့ကြပြီးနောက် သြဂုတ်လ ၂၀၁၉ခုနှစ်တွင် အမ်ဖန်းကို မြန်မာြပည်တွင်းရှိ နယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့သို့ တိုးချဲ့ခဲ့သည်။
သြဂုတ်လ ၂၀၁၉ တွင်တာ့ခ်ခရိုင်ရှိ အစီအစဉ်များအောင်မြင် ပြီးနောက် ထိုင်း-ကမ္ဘောဒီယားနယ်စပ်ရှိ စကဲ့အိုခရိုင်တွင် နေထိုင်သော ရွှေ့ပြောင်းလုပ်သားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် တိုးချဲ့ ခဲ့သည်။
ဂျုလိုင်လ ၂၀၂၀ခုနှစ်တွင် M-Fund ကို ထိုင်း-မြန်မာနယ်စပ်ရှိ ကန်ချနဘူရီခရိုင်ရှိ ဆန်ခလဘူရီမြို့သို့ ထပ်မံတိုးချဲ့ခဲ့သည်။
ဇွန်လ ၂၀၂၁ ခုနှစ်တွင်လည်း ကန်ချနဘူရီခရိုင်ရှိ ထောင်းဖာဖွန်မြို့သို့ ထပ်မံတိုးချဲ့ခဲ့သည်။
ဖေဖေါ်၀ါရီလ ၂၀၂၂ ခုနှစ်တွင် ချင်းရိုင်းခရိုင်သို့ ထပ်မံတိုးချဲ့ထားပါသည်။
M-Fund သည်လိုအပ်နေသော ရွှေ့ပြောင်းနေထိုင်သူများ၏ ကျန်းမာရေးစောင့် ရှောက်မှု လက်လှမ်းမီမှုကို တိုးချဲ့နိုင်ရန် အဆက်မပြတ် ကြီးထွားလျက်ရှိသည်။ ရွှေ့ပြောင်းနေထိုင်သူများကို ကူညီပေးရန်အတွက် M-Fund အဖွဲ့၀င်ခြင်း လုပ်ငန်းစဉ်များ ပြုလုပ်နိုင်ရန် ဗီဒီယိုခေါ်ဆိုမှု စင်တာလည်းပြုလုပ်ထားပါသည်။
၀န်ဆောင်မှုပေးသော ဒေသများ
M-Fund ၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေ သောဒေသများ
- တာ့ခ်ခရိုင်
- စကဲ့အိုခရိုင်
- ကန်ချနဘူရီခရိုင်
- ချင်းရိုင်းခရိုင်
- မြ၀တီမြို့နယ် (မြန်မာ)
- ပွိုင်ပက်မြို့ (ကမ္ဘောဒီယား)
ကျန်းမာရေး မိတ်ဖက်အဖွဲ့ အစည်းများ အသေးစိတ်ကြည့်ရန် ဤနေရာကိုနှိပ်ပါ။

အကျုံး၀င်သောအကျိုးခံစားခွင့်များ
နှင့် အစီအစဉ်များ
၅,၀၀၀ ဘတ်
(၂၅၀,၀၀၀ ကျပ်)
ပြင်ပလူနာကုသမှု
၄၅,၀၀၀ ဘတ်
(၂,၂၅၀,၀၀၀ ကျပ်)
အတွင်းလူနာ ကုသမှု
၅၀,၀၀၀ ဘတ်
(၂,၅၀၀,၀၀၀ ကျပ်)
စုစုပေါင်း
အကျိုးခံစားခွင့်